Day 1
Day 2
Day 3
1

သင်ကြာရေးစက်ဝန်းတွင် ပါဝင်သည့် အဆင့်များကို ဖော်ပြပါ။

- လိုအပ်ချက်များ ဖော်ထုတ်သတ်မှတ်ခြင်း

- အစီအစဉ်ရေးဆွဲခြင်း

- သင်ကြားခြင်း

- သင်ယူမှု အကဲဖြတ်ခြင်း

- သင်ကြားမှု ဆန်းစစ် အကဲဖြတ်ခြင်း

1

သင်ယူသူများ၏ လိုအပ်ချက်များကို ဖော်ထုတ်သတ်မှတ်ရာတွင် မည်သည့် အကြောင်းအရာ အချက်အလက်များကို ရှာဖွေဖော်ထုတ်ရ မည်နည်း။

- Prior Knowledge (ရှိနှင့်ပြီး ဗဟုသုတ)

- Physical Needs (ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ)

- Motivation (စေ့ဆော်မှု တွန်းအား)

- Learning Preferences (သင်ယူမှုအားသန်ပုံ အမျိုးမျိုး)

- Social Needs (လူမှုလိုအပ်ချက်များ)

1

သင်ခန်းစာ ရည်ရွယ်ချက်ကောင်း တစ်ခု၏ လက္ခဏာများကို ရှင်းပြပါ။

တိကျသော

လက်တွေ့တွင် ဖြစ်နိုင်သော

တိုင်းတာ၍ရသော

2

ထိရောက်သော ဆရာ/မတို့၏ အရည်အသွေး သို့မဟုတ် ‌အလေ့အထ ၅ ခုကို ရှင်းပြပါ။

Possible Answers

အရည်အသွေး - စိတ်ရှည်သည်။ ဘာသာရပ်အကြောင်း နားလည်သည်။ ညွှန်ကြားချက်များ ပေးရာတွင် ရှင်းလင်းပြတ်သားသည်။ သင်ယူသူများကို အားပေးသည်။ သင်ခန်းစာ အစီအစဉ် ရေးဆွဲသည်။

အလေ့အထ - အလုပ်ကို မွေ့လျော်သည်။ ပံ့ပိုးကူညီသည်။ မှတ်ချက် တုံ့ပြန်ချက်ပေးတတ်သည်။ ပါဝင်မှုကို အားပေးသည်။ စနစ်တကျ စုစည်းမှု ရှိသည်။

2

Multiple Intelligences (ဉာဏ်ရည်ဉာဏ်သွေး) ၇ မျိုးကို ပြောပြပါ။

1) Verbal/ Linguistic (ဝေါဟာရ/ ဘာသာစကားနှင့် ဆိုင်သော ဉာဏ်)

2) Logical/ Mathematical (ယုတ္တိသင်္ချာဉာဏ်)

3) Visual/ Spatial (အမြင်နှင့် နေရာများကို သိခြင်းဉာဏ်)

4) Intrapersonal (မိမိကိုယ်ကို သိခြင်းဉာဏ်)

5) Interpersonal (အများသူငါကို သိခြင်းဉာဏ်)

6) Musical/ Rhythmic (စည်းဝါးဂီတဉာဏ်)

7) Bodily/ Kinesthetic (ကာယနှင့် လှုပ်ရှားမှုဆိုင်ရာ ဉာဏ်)

2

အောက်ပါတို့မှ သင်ခန်းစာရည်ရွယ်ချက်ကောင်းကို ရွေးပါ။

က) ဓာတုဒြပ်စင်များ၏ သင်္ကေတအမျိုးမျိုးကို သင်ကြားရန်။

ခ)   ကျောင်းသူ/သားများသည် ဖော်ပြချက် အမျိုးမျိုးတို့မှာ ထင်မြင်ချက် သို့မဟုတ် အချက်အလက်များ ဖြစ်ကြောင်း ခွဲခြား ပြောဆိုနိုင်သွားမည်။

ဂ)   Present Perfect Tense ကို သုံးရန်။

ခ)   ကျောင်းသူ/သားများသည် ဖော်ပြချက် အမျိုးမျိုးတို့မှာ ထင်မြင်ချက် သို့မဟုတ် အချက်အလက်များ ဖြစ်ကြောင်း ခွဲခြား ပြောဆိုနိုင်သွားမည်။

3

သင်ယူသူများ၏ လိုအပ်ချက်များ ဖော်ထုတ်သတ်မှတ်ရန်မှာ အဘယ်ကြောင့် အရေးကြီးပါသနည်း။

Possible Answer

သင်ခန်းစာ ရေးဆွဲရာတွင် မည်သည့် အကြောင်းအရာများ၊ လုပ်ငန်းစဉ်များ ထည့်သွင်းသင်ကြားမည်ကို စီစဉ်နိုင်ရန် သင်ယူသူများ၏ လိုအပ်ချက်များကို ဖော်ထုတ် သတ်မှတ်ရန်လိုအပ်သည်။

3

သင်ယူသူများ၏ လိုအပ်ချက်များကို ဖော်ထုတ်သတ်မှတ်ရာတွင် မည်သည့် နည်းလမ်းများကို အသုံးပြုနိုင် ပါသနည်း။ 

  • Pre-tests (သင်တန်းအကြို စစ်ဆေးခြင်း)

  • Student surveys (သင်ယူသူစစ်တမ်း)

  • Students interviews (သင်ယူသူ လူတွေ့မေးမြန်းခြင်း)

  • Discussions (ဆွေးနွေးပွဲများ)

  • Observations (လေ့လာစောင့်ကြည့်ခြင်း)

3

ပြန်လှန်သုံးသပ်ခြင်းအဆင့်တွင် မည်သည့် နည်းလမ်းများသုံး၍ သင်ယူတတ်မြောက်မှုကို စစ်ဆေးနိုင်ပါသနည်း။

Possible Answers

- သင်ယူသူများသည် သင်ခန်းစာ၏ အဓိက အချက်များကို ချရေးသည်။

- ဆရာက ကျောင်းသားများနှင့် အတူ သင်ခန်းစာ၏ အဓိက အချက်များကို စဉ်းစား ပြောဆိုသည်။ 

- သင်ခန်းစာ၏ အကြောင်းအရာကို ကျောင်းသားများ နားလည်မှု ရှိ၊ မရှိ စစ်ဆေးရန် ဆရာက မေးခွန်းများ မေးသည်။

- သင်ယူသူများက မိမိတို့ မသေချာသည့် အကြောင်းအရာမျိား အကြောင်း မေးခွန်းများ မေးသည်။

4

သင်ယူမှု အကဲဖြတ်ခြင်းနှင့် သင်ကြားမှု ဆန်းစစ်အကဲဖြတ်ခြင်း တို့၏ ကွာခြားချက်ကို ရှင်းပြပါ။

Possible Answer

သင်ယူမှု အကဲဖြတ်ခြင်း 

သင်ခန်းစာအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျောင်းသားရဲ့ သင်ယူတတ်မြောက်မှုကို စစ်ဆေးတာ

သင်ကြားမှု ဆန်းစစ်အကဲဖြတ်ခြင်း 

သင်ခန်းစာအဆုံးမှာ ဆရာ ဆရာမက သင်ကြားရေး ဘယ်လောက်အောင်မြင်ကြောင်း၊ ရည်ရွယ်ချက် အောင်မြင်ပေါက်မြောက်ခြင်း ရှိ၊ မရှိ ပြန်လည်သုံးသပ်တာ

4

သင်ခန်းစာအတွင်း Eliciting လုပ်ခြင်း (နှိုက်ထုတ်မေးမြန်းခြင်း) ၏ ကောင်းကျိုးများကို ပြောပြပါ။

Possible Answers

  • မိမိကို မေးမြန်းတော့မည်ဟု ထင်နေသောကြောင့် တက်ကြွစွာ စဉ်းစားလာခြင်း

  • မိမိတို့ ကျောင်းသူ/ကျောင်းသားများပေါင်းလိုက်လျှင် ဗဟုသုတများ များစွာ ရှိနေကြောင်း သေချာလာစေခြင်း

  • အသိသစ်များ သင်ကြားရန်အတွက် ကျောင်းသူ/ကျောင်းသားများ၏ အသိဟောင်းများအပေါ်တွင် အခြေခံရမည်ဖြစ်သောကြောင့် အသိအခြေခံ မည်မျှရှိသည်ကို ဆရာက ထုတ်ဖော်နိုင်ခြင်း

  • မိမိဘေးတွင် မေးခွန်း တစ်ခုခု ကြားရသည်နှင့် လိုက်စဉ်းစားသည့် သဘာဝရှိသောကြောင့် မိမိဘာသာ စဉ်းစားတွေ့ရှိစေပြီး ပိုမိုရှည်ကြာစွာ မှတ်မိစေခြင်း

  • သင်တန်းသားများပြောသည့်အရာများကို တန်းတူညီမျှစွာ ဆက်ဆံလေးစားကြောင်းပါ ပြသနိုင်ပြီး ဒီမိုကရေစီ အလေ့အထကို အားပေးရာရောက်သည်။

4

ထိန်းကျောင်းမှုမြင့်သော လေ့ကျင့်မှုနှင့်  ထိန်းကျောင်းမှုနည်းသော လေ့ကျင့်မှု အတွက် လုပ်ငန်းစဉ် ၂ ခုစီ ပြောပြပါ။

ထိန်းကျောင်းမှုမြင့်သော လေ့ကျင့်မှု - 

* မှား  မှန်  ဖြေပါ။

*ကွက်လပ်ဖြည့်ပါ။

*တွဲစပ်ပါ။

*အစီအစဉ်တကျ စီပါ။

*မေးခွန်းများကို ဖြေပါ။

ထိန်းကျောင်းမှုနည်းသော လေ့ကျင့်မှု

*အဖွဲ့လိုက် တင်ဆက်ခြင်း

*စကားရည်လုပွဲ

*ပိုစတာ ရေးဆွဲဖန်တီးခြင်း

*Research Project

*Role Play


5

သင်ယူသူများ၏ တတ်မြောက်မှူကို မည်သို့ အကဲဖြတ်စစ်ဆေး နိုင်ပါသနည်း။ 

Possible Answers

လုပ်ငန်းစဉ်များအတွင်း လေ့လာစောင့်ကြည့်ခြင်း

အဖွဲ့လိုက်ဆွေးနွေးမှုများကို လေ့လာစောင့်ကြည့်ခြင်း

စာမေးပွဲ ဖြေဆိုစေခြင်း


5

ညွှန်ကြားချက်ကောင်းတစ်ခု ပေးရန် မည်သည့် အချက်များ လိုက်နာရမည်နည်း။

- သင်ယူသူများ ရင်းနှီးသိရှိပြီးဖြစ်သော၊ လွယ်ကူသော စကားလုံးများကို အသုံးပြုပါ။

- အမြင်ပိုင်း အထောက်အကူများ အသုံးပြုပါ။

- လုပ်ငန်းစဉ် ဆောင်ရွက်ပုံကို သရုပ်ပြပါ။

- ရှင်းလင်းပြီး အားလုံးကြားနိုင်သည့် အသံပမာဏတွင် သင့်တော်သော အရှိန်နှုန်းဖြင့် ပြောပါ။

- ညွှန်ကြားချက်ကို ရိုးရှင်းသော အဆင့်ငယ်များအဖြစ် ခွဲခြမ်းပေးပါ။။

- ညွှန်ကြားချက်များကို သင်ယူသူများ နားလည်ခြင်းရှိ/မရှိ စစ်ဆေးပါ။

5

သင်ခန်းစာ အစီအစဉ်တစ်ခု ရေးဆွဲရာတွင် မည်သည့်အချက်အလက်များ ထည့်သွင်း ရေးဆွဲပါမည်နည်း။

Possible Answers

Subject

Topic

Lesson Objective

Lesson Stages

Activities

Materials 

Time 

M
e
n
u