PSEA ဆိုတာ ဘာလဲ။
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုကျင့်ခြင်းမှ အကာအကွယ်ပေးခြင်း (Protection from Sexual Exploitation and Abuse)
မြန်မာနိုင်ငံတွင် AAP WG မည်သည့်ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသလဲ။
၂၀၂၀ ခုနှစ်။
ZCG မည်မျှရှိသည်နည်း။ ၎င်းတို့ကို ဖော်ပြပါ။
၅ ခု။ Kachin, Rakhine, North West, Shan/Kayah, South East
ICCG ဆိုသည်မှာ အဘယ်နည်း။
လုပ်ငန်းအစုအဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ (Inter Clusters (Clusters/Working Group/Network) Coordination Group)
အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) ဆိုသည်မှာ အဘယ်နည်း။
အစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှကင်းလွတ်သော မည်သည့် လူမှုအဖွဲ့အစည်းကိုမဆို CSO ဟု ခေါ်ပါသည်။
PSEA အခြေခံမူ ဘယ်နှစ်ချက် ရှိပါသလဲ။
(၆) ချက်
AAP/CE Working Group သို့ ဆက်သွယ်နိုင်သော အီးမေးလ်လိပ်စာကို ဖော်ပြပါ။
aapce.myanmar@gmail.com
ABC မည်မျှရှိသနည်း။ ၎င်းတို့ကိုဖော်ပြပါ။
(၁၅) ခု။
ကချင် (၁)
ရခိုင် (၃) (တောင်၊ မြောက်၊ အလယ်ပိုင်း)
အနောက်မြောက် (၄) (ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး)
ရှမ်း/ကယား (ရှမ်းတောင်၊ ရှမ်းမြောက်၊ ကယား)
အရှေ့တောင် (ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ)
HNRP ကို မည်သည့်အချက်ပေါ်တွင် အခြေခံ၍ ရေးဆွဲထားပါသနည်း။
လူသားချင်းစာနာထောက်ထားမှုဆိုင် ပံ့ပိုးကူညီမှု လိုအပ်ချက် ကြီးမားမှုအတိုင်းအတာ (Humanitarian Assistance Needs Severity) ပေါ်တွင် အခြေခံရေးဆွဲပါသည်။
မြန်မာနိုင်ငံတွင် ကျရောက်ခဲ့သည့် အကြီးမားဆုံး သဘာဝဘေးအန္တရာယ်ကို ဖော်ပြပါ။
နာဂစ်မုန်တိုင်း (၂၀၀၈ ခုနှစ်)
နှစ်ဦးသဘောတူကြည်ဖြူသည်ဆိုပါက မိမိစီမံချက်မှ အကျိုးခံစားခွင့်ရှိသူနှင့် ချစ်ကြိုက်ခွင့်ရှိသည်။ (မှန်/မှား)
မှား (သဘောတူခွင့်ပြုချက် ရရှိထားသည်ဆိုသည့်တိုင် မိမိစီမံချက်မှ အကျိုးခံစားခွင့်ရှိသူနှင့် လိင်ပိုင်းဆိုင်ရာ ပတ်သက်ခွင့် မရှိပါ)
AAP/CE WG Co-chair အဖွဲ့အစည်းများနှင့် အမည်များကိုဖော်ပြပါ။
ဦးရဲဝင့်အောင် (IOM)
ဂျွန် မက်ဂေါင်း၊ ဦးဇင်ကိုဖြိုး (PLAN International)
ဦးရတနာ (Braveheart)
ABC တွင် မည်သူတို့ ပါဝင်နိုင်သနည်း။ မည်သို့ ပါဝင်နိုင်သနည်း။
သက်ဆိုင်ရာ နယ်မြေအတွင်းမှ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်နိုင်ပါသည်။ သက်ဆိုင်ရာ (ဥက္ကဌ/ညှိနှိုင်းရေးမှူး)အားဆက်သွယ်၍ ပူးပေါင်းပါဝင်ခွင့် တောင်းခံနိုင်ပါသည်။
HNRP ၂၀၂၆ တွင် မပါဝင်သည့် ဒေသများကို ဖော်ပြပါ။
နေပြည်တော်၊ ရှမ်းအရှေ့၊ ဧရာဝတီ၊ ရန်ကုန်။
TCF ဆိုသည်မှာ အဘယ်နည်း။
နိုင်ငံအတွင်း အကူးအပြောင်းဆိုင်ရာ မူဘောင် (Transitional Country Framework)
PSEA ကွန်ရက်သို့ ဆက်သွယ်တိုင်ကြားနိုင်သော ဖုန်းနံပါတ်ကို ဖော်ပြပါ။
၀၉ ၄၀၅၁၄ ၉၆၁၆
AAP လုပ်ငန်း အကောင်အထည်ဖော်ခြင်းအဆင့် မဏ္ဍိုင်များကို ဖော်ပြပါ။
ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း (Participation)
သတင်းအချက်အလက်မျှဝေခြင်း (Information Provision)
လူထုထံမှ ဝေဖန်အကြံပြုချက်များအား ရယူတုန့်ပြန်ခြင်း (CFM)
Community Voice Platform (CVP) အား ၂၀၂၅ ခုနှစ်တွင် "ဝေမျှပါ (Wai Hmya Par)" ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ အဖွဲ့ဝင် အဖွဲ့အစည်းများအနေဖြင့် CFM များ ပေးပို့ခြင်း၊ စုစည်းထားသည့် အချက်အလက်များအား ကြည့်ရှုခြင်းတို့ ဆောင်ရွက်နိုင်ပါသည်။
HNRP 2026 ၏ ဘဏ္ဍာရေးအခြေအနေကို ဖော်ပြပါ။
$ 890 m (Required)
$ 435 m (Received)
$ 455 m (Gap)
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံစည်းမျဉ်းများ (Humanitarian Principles) ကို ဖော်ပြပါ။
လူသားဆန်ခြင်း (Humanity)
ဘက်မလိုက်ခြင်း (Neutrality)
အစွဲကင်းခြင်း (Impartiality)
အမှီအခိုကင်းခြင်း (Independence)
PSEA ၏ မဏ္ဍိုင် ဘယ်နှစ်ရပ်ရှိသနည်း။ ၎င်းတို့ကို ဖော်ပြပါ။
(၄) ရပ်။
ကြိုတင်ကာကွယ်ခြင်း (Prevention)
တုန့်ပြန်ဖြေရှင်းခြင်း (Response)
ဒေသခံလူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း (Community Engagement)
ပေါင်းစပ်ညှိနှိုင်းခြင်း (Coordination)
ဒေသခံလူထုနှင့် ပေါင်းစပ်ညှိနှိုင်းမှုများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖော်ပြပါ။
သတင်းအချက်အလက်ပေးခြင်း (Informing)
တွေ့ဆုံဆွေးနွေးခြင်း (Consulting)
ပါဝင်စေခြင်း (Involving)
ပူးပေါင်းဆောင်ရွက်ခြင်း (Collaborating)
စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း (Empowering)
မြန်မာနိုင်ငံ၏ Resident Coordinator/Humanitarian Coordinator အမည်ကို ဖော်ပြပါ။
Ms. Gwyn Lewis
အရှေ့တောင်ဒေသတွင် သဘာဝဘေးအန္တရာယ် အဖြစ်နိုင်ဆုံးဒေသများကို ဖော်ပြပါ။
ရေဘေး (မွန်၊ ကရင်၊ ပဲခူး)
မြေပြိုခြင်း (မွန်)