Now and Ever ရုပ်ရှင်ဇာတ်ကားထဲက ပိုင်ဖြိုးသုရဲ့ ဇာတ်ကောင်အမည်
ဝတ်မှုံ
ကယားပြည်နယ်ရဲ့ ဒေသအစားအစာတစ်မျိုး
ကယားဝက်အူချောင်း/ ဟင်းထုပ်
ပုဂံ (ဘုရားများ၏မြို့တော်) သည် ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာအမွေအနှစ် အများဆုံးရှိသော ဒေသတစ်ခုဖြစ်သည်။
(မှန်/မှား)
မှန် (ပုဂံမြို့မှာ ၉ရာစုနှင့် ၁၃ရာစုအတွင်းတည်ဆောက်ခဲ့ကြသည့် အုတ်စေတီပုထိုးပေါင်း ၁၃,၀၀၀ ကျော်ရှိသည့် ဧရာဝတီမြစ်နံဘေးရှိ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်သည်။ ယနေ့အချိန်တွင် ဧရိယာ စတုရန်းမိုင်ပေါင်း ၄၀ ကျော်အတွင်း စေတီပုထိုးပေါင်း ၂,၃၀၀ ကျော်သာ ကျန်ရှိပါသည်။ အခြား ကမ္ဘာ့အထင်ကရ ဗုဒ္ဓဘာသာအမွေအနှစ်တစ်ခုမှာ မြန်မာနိုင်ငံတွင်တည်ရှိသည့် ရွှေတိဂုံစေတီတော်ဖြစ်ပါသည်။)
ခရစ် ယာန်ဘာသာတွင် အသင်းတော်ဂိုဏ်းဂဏပေါင်း များစွာ ရှိပြီး၊ ခရစ်ယာန်များစွာတို့သည် အမျိုးမျိုးသော ဘာသာရေး အလေ့အထများကို လိုက်နာကျင့်သုံးကြသည်။
(မှန်/မှား)
မှန် (ခရစ်ယာန်သာသနာတွင် ကက်သလစ်၊ ပရိုတက်စတင့်နှင့် အော်သိုဒေါ့က်စ် ဟူ၍ အဓိကအုပ်စု သုံးမျိုးရှိပါသည်။ ၎င်းတို့ ယုံကြည်သက်ဝင်မှု၏ အဓိကကျသောအရာများမှာ ယေရှု၏ ဘဝဖြစ်စဉ် နှင့် သွန်သင်ချက်များအပေါ် ဗဟိုပြုထားသော်လည်း၊ ၎င်းတို့တွင် မတူညီသော အမြင်၊ ဓလေ့ထုံးစံများနှင့် ဝတ်ပြုကိုးကွယ်မှုများ ရှိကြပါသည်။)
တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေထဲကစာအုပ်တစ်အုပ်နာမည်
လွမ်း ၊ သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် ၊ လေရူးသည် စာမတတ်ပါ ၊ မိုးညအိပ်မက်မြူ
ချင်းပြည်နယ်က အသည်းပုံသဏ္ဍာန်ရှိတဲ့ သဘာဝရေကန်ရဲ့နာမည်
ရိ(ဒ်) ရေကန်
ပင်လုံစာချုပ်တွင် နယ်စပ်ဒေသများရှိ နိုင်ငံသားများသည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများနှင့် အခွင့်ထူးများကို ခံစားနိုင်ခွင့်ရှိစေရမည် ဟု ဖော်ပြထားသည်။
(မှန်/မှား)
မှန် (၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက ဗမာ အစိုးရ ကိုယ်စား ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။)
အာဖရိကတွင် ဗုဒ္ဓဘာသာဝင်များ မရှိကြပါ။
(မှန်/မှား)
မှား (၂၀၁၀ ခုနှစ်တွင် အာဖရိက ဆာဟာရတောင်ပိုင်းဒေသ၌ ဗုဒ္ဓဘာသာဝင်ဦးရေ ခန့်မှန်းခြေ ၁၆၀,၀၀၀ ခန့်ရှိပါသည်။ ၂၀၅၀ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင်ဦး ၂၂၀,၀၀၀ ခန့်တိုးလာမည်ဟုခန့်မှန်းထားကြသည်။)
Romeo and Juliet နဲ့ Macbeth ပြဇာတ်တွေကို ဘယ်သူရေးခဲ့တာလဲ။
William Shakespeare
ဆာဖျယ်က ဘယ်ဒေသရဲ့ အစားအစာလဲ
ကချင်ပြည်နယ်
ကမန်မူဆလင်များသည် မြန်မာနိုင်ငံ၏ တရားဝင် အသိအမှတ်ပြုထားသော လူမျိုးစု ၁၃၅ မျိုးတွင် ပါဝင်ကြပါသည်။
(မှန်/မှား)
မှန် (ကမန်လူမျိုးများသည် တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုး၏ စာရင်းထဲတွင် လူဦးရေအနည်းဆုံး လူမျိုးစုများ ဖြစ်ကြပါသည်။ ထို့အပြင် ရခိုင် လူမျိုးစုခွဲ ၇ စု တွင်လည်း ပါဝင်ကြပါသည်။ ကမန်အများစုသည် ရခိုင်ပြည်နယ်တွင် နေထိုင်ကြပါသည်။)
ခရစ်ယာန်ဘာသာသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဘာသာတရားတစ်ခုဖြစ်ပါသည်။
(မှန်/မှား)
မှန် (တောင်အမေရိက၊ မြောက်အမေရိက၊ ဥရောပနှင့် ဆာဟာရတောင်ပိုင်း အာဖရိကနိုင်ငံများအပါအဝင် ကမ္ဘာပေါ်ရှိ ဒေသအများစု၏ အကြီးဆုံး ဘာသာတရားမှာ ခရစ်ယာန်ဘာသာဖြစ်သည်။ သို့သော်လည်း ကမ္ဘာပေါ်ရှိနိုင်ငံ အားလုံး နီးပါးတွင် အလွန် ကွဲပြားခြားနားသည့် လူပေါင်းများစွာရှိကြပြီး ယုံကြည်ကိုးကွယ်မှု ကွဲပြားကြသည့်လူများ မှီတည်းနေထိုင်ရာနေရာဖြစ်ပေသည်။ အရှေ့နှင့် အရှေ့တောင်အာရှမှနိုင်ငံများမှာ ကမ္ဘာပေါ်ရှိ ဘာသာတရားပေါင်းစုံ အများဆုံး တည်ရှိရာနိုင်ငံများထဲတွင်ပါဝင်ပေသည်။)
K-pop အမျိုးသမီးအဖွဲ့ Blackpink နဲ့ Selena Gomez တို့ တွဲ့ဆိုထားတဲ့ သီချင်းနာမည်
Ice Cream
ကရင်ပြည်နယ်၏ ဒုတိယအမြင့်ဆုံးတောင်
မုလရစ်တောင်
“အခြေခံလူ့အခွင့်အရေးကို ပိတ်ပင်ထားသည့် စနစ် အတွင်းတွင် အကြောက်တရားက မင်းမူလျက်ရှိသည်။” ဟူသော စကားရပ်ကို မည်သူပြောခဲ့သနည်း။
ဒေါ်အောင်ဆန်းစုကြည်
ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်ဦးရေ၏ ထက်ဝက်မှာ တရုတ်နိုင်ငံတွင် နေထိုင်ကြပါသည်။
(မှန်/မှား)
မှန် (၂၀၁၀ခုနှစ် Pew သုတေသနစင်တာ၏ ခန့်မှန်းချက်အရ ဗုဒ္ဓဘာသာဝင်လူဦးရေ၏ ထက်ဝက်မှာ တရုတ်နိုင်ငံတွင်နေထိုင်ကြပြီး ကျန်တစ်ဝက်၏ အများစုမှာ အရှေ့အာရှ နှင့် တောင်အာရှ တွင်နေထိုင်ပါသည်။ တရုတ်နိုင်ငံရှိ အဓိက ဘာသာကြီးလေးမျိုးမှာ ဗုဒ္ဓဘာသာ၊ တာအိုဝါဒ၊ အစ္စလာမ် နှင့် ခရစ်ယာန် တို့ဖြစ်ပါသည်။)
'အင်းလေးမှာရွာတဲ့မိုး' ဇာတ်ဝင်တေးပါဝင်တဲ့ ရုပ်ရှင်ကားအမည် နဲ့ မူရင်းအဆိုတော်၏အမည်
နေကျောက်ခဲ
ကျော်ဟိန်း/မေဆွိ/ကိုင်ဇာ
မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မ တည်ရှိရာနေရာကို ဖော်ပြပါ။
မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၊ ကင်းတားဆည်အနီး၊ မြသုခရွာအနီးရှိ ပြက္ခရွေတောင်ပေါ်တွင် တည်ရှိသည်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲက ဘယ်နှခုနှစ်တုန်းကလဲ
၁၉၉၀
ရိုမန်ကတ်သလစ် သူတော်စင် အရေအတွက်မှာ စုစုပေါင်း ၁၀၀ သာ ရှိသည်။
(မှန်/မှား)
မှား (ရိုမန်ကတ်သလစ် အသင်းတော်မှ သတ်မှတ်ထားသော သူတော်စင်ဦးရေသည်ပင် ၁၀,၀၀၀ ကျော်ရှိပါသည်။ ရိုမန်ကတ်သလစ်နှင့် အခြား ခရစ်ယာန်အစဉ်အလာများတွင် သူတော်စင်ဆိုသည်မှာ သန့်စင်မွန်မြတ်မှုအတွက် ရဲရင့်စွာ ပြုမှုခဲ့သော သီလစင်ကြယ် သူများဖြစ်ပြီး ကောင်းကင်ဘုံတွင် နေထိုင်နေသည်ဟု ယုံကြည်ခံရသူများဖြစ်ပေသည်။)