ပိုင်းဝေသည် ပိုင်းခြေအောက် ပိုငယ်သော အပိုင်းကိန်းကို -------------ဟု ခေါ်သည်။
အပိုင်းကိန်းစစ်
၀.၀၁မီတာ အစိတ် ၈စိတ်သည် -----------ဖြစ်သည်။
၀.၀၈
အနားတစ်ဖက်လျှင် ၁ကီလိုမီတာစီရှိသော စတုရန်း၏ ဧရိယာသည် -----------------ဖြစ်သည်။
၁စတုရန်းကီလိုမီတာ
၁၀၀၀၀၀၀၏ ၁၀၀ဆဖြစ်သောကိန်းကို --------------ဟုခေါ်သည်။
တစ်ရာကုဋေ
၅၆ ÷ ၄ ၏ စားလဒ်သည် (၄၀÷၄+-----÷၄) နှင့် ညီသော် ---------တွင် ထည့်ရမည့်ကိန်းမှာ ------------
၁၆
အပြည့်ကိန်းနှင့် အပိုင်းကိန်းစစ်တို့၏ ပေါင်းလဒ်ဖြစ်သည့် အပိုင်းကိန်းကို ------------------ဟုခေါ်သည်။
အပိုင်းကိန်းရေ
၁ ၃ ၈ ၉ . ကိန်းကဒ်ပြား၏ ရာလီစိတ်အတွင်း အကြီးဆုံး ဒသမကိန်းမှာ ---------ဖြစ်သည်။
၉၈.၃၁
၁စတုရန်းမီတာ =------------------စတုရန်းစင်တီမီတာ
၁၀၀၀၀စတုရန်းစင်တီမီတာ
၁၀၀ကုဋေသည် ၁သိန်း၏ -------------ဆဖြစ်သည်။
၁၀၀၀၀
စားကိန်း၄၊ စားလဒ် ၂၅၊ အကြွင်း ၂ဖြစ်သော် တည်ကိန်းမှာ
၁၀၂
၆/၅နှင့် ၁၂/၅တွင် ----------------က ပိုကြီးသည်။
၁၂/၅
ရာလီစိတ် ၉၀၅ဖြင့် ဖွဲ့စည်းထားသော ကိန်းမှာ ---------------ဖြစ်သည်။
၉.၀၅
ပတ်လည်အနား ၂၀မီတာရှိသော စတုရန်း၏ ဧရိယာသည် ----------------ဖြစ်သည်။
၂၅စတုရန်းမီတာ
၁နှစ်တွင် ရှိသောစက္ကန့်ပေါင်းမှာ -----------စက္ကန့်ဖြစ်သည်။
၃၁၅၃၆၀၀၀
၉၈ ÷၂၇ ၏ စားလဒ်နှင့် အကြွင်းမှာ-
စားလဒ် = ၃၊ အကြွင်း =၁၇
အပိုင်းကိန်းများတွင် ပိုင်းဝေတူလျှင် -------------အပိုင်းကိန်းက ပိုကြီးသည်။
ပိုင်းခြေ ငယ်သော
၆၈.၇၉တွင် ရာလီစိတ်နေရာ၌ ရှိသော ဂဏန်းမှာ ၈ဖြစ်သည်။
မှား
အလျား ၁၅စင်တီမီတာ ၊ အနံ ၁၂စင်တီမီတာရှိသော ထောင့်မှန်စတုဂံ၏ ပတ်လည်အနားကို ရှာပါ။
၅၄စင်တီမီတာ
၂၅၀၀၀၀၀၀၀၀ သည် ၂၅၀၀၀၀၀ ၏ အဆမည်မျှ ရှိသနည်း။
၁၀၀၀ ဆ
စုစုသည် ၉၆စင်တီမီတာရှိသော ကြိုးတစ်ချောင်းဖြင့် သုံးနားညီတြိဂံတစ်ခု ပြုလုပ်လိုသည်။ တြိဂံ၏ အနားတစ်ဖက်ကို ရှာပါ။
၃၂စင်တီမီတာ
၃ ၂/၅ - ၁ ၄/၅
၁ ၃/၅
၄၈.၉စင်တီမီတာကို စင်တီမီတာ မီလီမီတာဖြင့်ဖော်ပြလျှင် ---------------ဖြစ်သည်။
၄၈စင်တီမီတာ ၉မီလီမီတာ
အနားတစ်ဖက်လျှင် ၀.၅မီတာရှိသော စတုရန်းပုံကြွေပြားများရှိသည်။ ထိုကြွေပြားများကို အသုံးပြုပြီး အလျား ၆မီတာနှင့် အနံ၄မီတာရှိသောအခန်း၏ ကြမ်းပြင်တွင် နေရာလွတ်မရှိစေဘဲ ခင်းလျှင် ကြွေပြားမည်မျှ လိုအပ်မည်နည်း။
၉၆ပြား
၀ ၊ ၁၊ ၂၊ ၂၊ ၈၊ ၈၊ ၉၊ ၉ ကို အသုံးပြု၍ ၃၀၀၀၀၀၀၀အတွင်း အကြီးဆုံးကိန်းကို ဖော်ပြပါ။
၂၉၉၈၈၂၁၀
၁၇၅ စင်တီမီတာရှိသော ဖဲကြိုးတစ်ချောင်းရှိသည်။ ထိုဖဲကြိုးမှ ၉စင်တီမီတာ ရှည်သော ဖဲကြိုးပိုင်းမည်မျှဖြတ်နိုင်မည်နည်း။ ဖဲကြိုးအရှည်မည်မျှ ကျန်မည် နည်း။
ဖြတ်နိုင်မည့်ဖဲကြိုးပိုင်း ၁၉ပိုင်း၊ ကျန်သောဖဲကြိုးအရှည် ၄စင်တီမီတာ