ပွဲတော် -
အက -
ကောက်သစ်စားပွဲတော်
ဒုံးယိမ်းအက
ယုံကြည်ကိုးကွယ်မှု -
ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာ
လူဦးရေ(၂၀၁၄) -
၁.၅၇သန်း
နေရာအမှတ်အသား -
ဇွဲကပင်တောင်(သို့မဟုတ်)မော်တင်စွန်းစေတီတော်
အဓိကဘာသာစကား -
စကောကရင်ဘာသာစကား(သို့မဟုတ်)ပိုးကရင်ဘာသာစကား
မျိုးနွယ်စု -
၁၁စု
သင်္ကေတ -
ဖားစည်နှင့် ကျွဲချို
နေထိုင်ရာဒေသ -
ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်း
စီးပွားရေး -
စိုက်ပျိုးရေး
ဧရာ၀တီတိုင်းဒေသကြီး၏ ရာသီဥတုကို ဖော်ပြပါ။
ဧရာ၀တီတိုင်းဒေသကြီး၏ ရာသီဥတုမှာ အပူချိန်အသင့်အတင့်ဖြစ်၍ မိုးများပါသည်။
ဧရာ၀တီတိုင်း၏မြို့တော်ကို ဖော်ပြပါ။
ဧရာ၀တီတိုင်း၏မြို့တော်မှာ ပုသိမ်မြို့ဖြစ်ပါသည်။
ကရင်ရိုးရာတူရိယာများကို ဖော်ပြပါ။
ကရင်ရိုးရာတူရိယာများမှာ ဖားစည်၊ ဗုံနှင့် ကျွဲချိုတို့ဖြစ်ပါသည်။
ကရင်(စကော)အမျိုးသားနာမည် (၂)လုံးနှင့် အမျိုးသမီးနာမည်(၃)လုံးဖော်ပြပါ။
(-+--)=အမျိုးသား
(-+---)=အမျိုးသမီး
စောမူးရဲ
စောမူတူး
နော်အယ်ဖောခူ
နော်ဆာအယ်ပွေ
နော်နီးထာဆဲ
ကရင်လူမျိုးတို့သည် အဓိကနေထိုင်ရာဒေသအပြင် မည်သည့် တိုင်း(သို့မဟုတ်)ပြည်နယ်များတွင်လည်း နေထိုင်ကြသနည်း။ အဘယ့်ကြောင့် ထိုတိုင်း(သို့မဟုတ်) ပြည်နယ်များတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ရှိသနည်း။
ကရင်လူမျိုးတို့သည် အဓိကနေထိုင်ရာဒေသအပြင် မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင်လည်း ပျံ့နှံ့နေထိုင်ကြပါသည်။ ထို့ကြောင့် မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ကရင်တိုင်းရင်းသားဝန်ကြီး ရှိပါသည်။
ဧရာဝတီတိုင်းတွင် နေထိုင်သောလူမျိုးများနှင့် စီးပွားရေးကို ဖော်ပြပါ။
ဧရာဝတီတိုင်း ဒုတိယစာပိုဒ်