A
B
C
D
E
100

သတင်းမှား ဘယ်နှစ်မျိုးရှိပါသလဲ။

၃ မျိုး

Misinformation, Disinformation & Malinformation


100

သတင်းအတု သတင်းအမှား စိစစ်နိုင်ရန် သတင်းကို တစ်ပုဒ်လုံးဖတ်စရာမလိုဘဲ သတင်းခေါင်းစဥ်ကြည့်ရုံနဲ့ လုံလောက်ပါတယ်။

မှား

100

သတင်းတု၊ သတင်းယောင် ဘယ်နှစ်မျိုး ရှိပါသလဲ။

၇ မျိုး

100

www ၏ အရှည်စကားလုံးနှင့် VPN ၏ အရှည်စကားလုံးများကို ပြောပြပါ။

www = World Wide Web

VPN = Virtual Private Network

100

သရော်စာဟာ အန္တရာယ်ဖြစ်စေဖို့ ရည်ရွယ်‌ရေးသားထားတာ ဖြစ်ပါတယ်။

မှား

အန္တရာယ်ဖြစ်စေဖို့ မရည်ရွယ်၊ အနုပညာဆန်တဲ့ ပညာရပ်ဖြစ်

200

ရှာဖွေရေးအင်ဂျင်များ (search engine) တွင် မိမိရှာသည်များကို ပိုမိုလုံခြုံစေချင်လျှင် Google အစား နောက်ယောင်ခံ မလိုက်သည့် ................. ကို အသုံးပြုနိုင်သည်။

DuckDuckGO

200

စကားဝှက်တွေကို စီမံခန့်ခွဲသည့် password manager များကို ပြောပြပါ။

KeePassium, Keepass DX, Keepass XC

200

အီးမေးလ်အကောင့်များကို ဘယ်လိုခွဲခြားထားသင့်သလဲ။

အလုပ်နှင့် ကိုယ်ရေးကိုယ်တာ အီးမေးလ်၊ Banking email ၊ ဖျော်ဖြေရေးအတွက်အီးမေးလ်၊ Recovery email

200

Facebook Security က ဘာကြောင့် အရေးကြီးသလဲ။

Your Answer

200

end to end encryption စနစ်ဖြင့် အလုပ်လုပ်သည့် Application အနည်းဆုံး (၃)ခုကို ဖော်ပြပါ။

Signal, Threema, Wire, Whatsapp, Wickr me, Telegram, Mattter most

300

Email နှင့် Protonmail နှစ်ခုကြား အလုပ်လုပ်ပုံကွာခြားချက်မှာ ဘာဖြစ်မလဲ။

Email တွင် client to sever encryption စနစ်ဖြင့် အလုပ်လုပ်ပြီး protonmail တွင် end to end encryption စနစ်ဖြင့် အလုပ်လုပ်သဖြင့် ပိုမိုလုံခြုံမှုရှိသည်။

300

အင်တာနက်မှ သတင်းအချက်အလက် စီးဆင်းပုံကို ဘယ်လိုနားလည်ပါသလဲ။

app - device - tower - national gateway - sever အဆင့်ဆင့်ပို့ဆောင်ပြီး data သိမ်းထားသည့် sever မှတဆင့် မိမိထံ အဆင့်ဆင့်ပြန်လည်ပို့ဆောင်ပေးခြင်း။

300

ဆက်သွယ်ရေးတွင်ပါဝင်သည့် Encryption ဝှက်စာစနစ် ဘယ်နှမျိုးရှိသလဲ။ ဘာတွေလဲ။

၂ မျိုး

1. End to End

2. Client to Sever


300

မိမိ အသုံးပြုနေသည့် ဖုန်း သို့မဟုတ် အကောင့် ခိုးခံရခြင်း၊ ပျောက်ခြင်းဖြစ်လျှင် မည်သည့်အရာများကို ဆောင်ရွက်ရန်လိုအပ်သနည်း။

မိမိ အကောင့်များကို အမြန်ဆုံး စကားဝှက်ချိန်းကာ Log out လုပ်ရန်။
အကောင့်လုံခြုံမှုရှိရန်အတွက် 2 step authentication ကို လုပ်ဆောင်ရန်။
bank သို့ကြိုတင်အကြောင်းကြားရန်နှင့် bank transition (ဘဏ်ငွေလွှဲပြောင်းခြင်း) များကိုစောင့်ကြည့်ရန်။


300

Password (စကားဝှက်)တွေကို အလွယ်တကူ ခိုးယူလို့ မရနိုင်အောင် ဘယ်လိုထားကြမလဲ။

Capitial letter, small letter, symbol, number ရောပြီး မှတ်မိနိုင်သလောက် အလုံးရေများများထားနိုင်ပါသည်။

400

အင်တာနက်တွင် လုံခြုံစွာသွားလာ/သုံးစွဲဖို့ ဘာတွေစိစစ်သင့်သလဲ။

website တွေသွားတဲ့အခါ https:// ပါ မပါ  အမြဲတမ်းစီစစ်ပါ။ စိတ်ချရတဲ့ VPN အသုံးပြုပါ။ Password တွေကို အမှတ်ရအောင် ထားပါ။ password မကြာမကြာပြောင်းပါ။ တူညီတဲ့ Password တွေမထားပါနဲ့။ etc.

400

Encryption - ဝှက်စာစနစ်ဆိုတာ ဘာလဲ။

သူများဖတ်လို့မရတဲ့နည်းလမ်းနဲ့ ပြုလုပ်ထား၊ ပြန်ဖြည်ဖို့နည်းလမ်း (သို့) စကားဝှက်သိမှ ဖြည်လို့ရ၊ End-to-End (အစ-အဆုံး ဝှက်စာပြုလုပ်ထား)၊ Client to Sever လမ်းကြောင်းကို ဝှက်စာပြုလုပ်ထား

400

လုံခြုံတဲ့ Communication ဖြစ်အောင် ဘယ်လိုလုပ်ဆောင်သင့်သလဲ။

ကိုယ့်နာမည်နဲ့ မှတ်ပုံမတင်ထားတဲ့ SIM card များ အသုံးပြုပါ။Disappearing messages/ Secret Chat / Clear History စသဖြင့် Setting များ ထားရှိပါ။ Two Factor ခံပါ။ App များကို lock ခတ်ပါ။ အပြင်သွားရင် Active session များကို terminate လုပ်သွားပါ။ တစ်‌ယောက်ယောက် ဖမ်းခံရတာ စစ်ခံရတာဆိုတာနဲ့ အဲ့ဒီလူကို Group တွေကနေ ချက်ချင်းထုတ်ပါ။


400

မိမိသည် အန္တရာယ်ရှိနေပြီး လုံခြုံရေးစိုးရိမ်ရသည့် အနေအထားသို့ရောက်ပါက မိမိနှင့် ဆက်စပ်၍ဆောင်ရွက်နေသော ကွန်ယက် သို့မဟုတ် ပတ်ဝန်းကျင်သို့ အန္တရာယ် မကူးစက်စေရန် မည်သည့် အရာများ အရင်ဆုံးဆောင်ရွက်ရန် လိုအပ်ပါသနည်း။

အန္တရာယ်ရှိနေကြောင်း အကျိုးအကြောင်းကို မိမိယုံကြည့်ရသည့်သူများ၊ ပူးပေါင်းဆောင်ရွက်နေသူများကို အမြန်ဆုံးအသိပေးရန်။
မိမိပါဝင်နေသော ဆက်သွယ်ရေး Group များထဲမှ အမြန်ဆုံးထွက်ထားရန်။
ဆက်သွယ်ပြောဆိုထားသော ဓာတ်ပုံ မှတ်တမ်းအချက်အလက်များကို ဖုန်း ၊ လက်တော့ထဲ ရှိနိုင်သမျှနေရာ အကုန်လုံးကို ရှင်းလင်းရန်။
400

စကားဝှက်တွေက သင့်ကိုဘယ်နေရာတွေမှာ အကာအကွယ်ပေးနိုင်လဲ။

သင်သဘောမတူဘဲ အခြားသူဝင်ရောက်သုံးခြင်း။ သင်၏ကိုယ်ပိုင်အချက်အလက်များ ခိုးယူခံရခြင်း။ အခြားသူမှ သင့်ပုံစံ ဝင်ရောက်ဟန်ဆောင်အသုံးပြုခြင်း။ သင့်ဖုန်းပျောက်ဆုံးသွားပါက အချက်အလက်များ တစ်ပါးသူဆီ‌ရောက်ခြင်း။

500

သတင်းတု သတင်းအမှားမပြန့်အောင် ပြုလုပ်ရမယ့် အကြံပြုချက်တချို့ကို မျှဝေပေးပါ။

စိတ်အေးအေးထား၊ အလျင်စလိုမလုပ်နဲ့၊ comment, like မလုပ်နဲ့၊ သက်ဆိုင်ရာကုမ္ပဏီကိုတိုင်၊ report တင်၊ ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာက သတင်းတွေကိုဖတ်၊ သတင်းမှာပါတဲ့အချက်တွေကို သုံးသပ်စီစစ်

500

Misinformation ဆိုတာဘာလဲ။

Misinformation သည် ထိခိုက်လိုသည့် ရည်ရွယ်ချက်မရှိဘဲ သတင်းတု သတင်းမှားကို ခွဲခြားမသိဘဲ စိတ်ခံစားချက်များကို အခြေခံပြီး အများပြည်သူသိအောင် ပြန်လည်မျှဝေသည့် သတင်းအမှားမျိုး ဖြစ်သည်။

500

Disinformation ဆိုတာဘာလဲ။

Disinformation သည် နိုင်ငံရေး စီးပွားရေး ဘာသာရေး စသည် အကြောင်းအရာများ၏ အကျိုးစီးပွားတစ်ခုခုကို မျှော်မှန်းပြီး အများပြည်သူ ထိခိုက်နစ်နာအောင် ရည်ရွယ်ချက်ရှိရှိတင်ဆက်သည့် သတင်းအမှားမျိုး ဖြစ်သည်။

500

သတင်းတုသတင်းမှားစိစစ်ခြင်း နည်းလမ်းဘယ်နှမျိုးရှိပါသလဲ။ ထိုနည်းလမ်းများကိုဖော်ပြပါ။

၅ မျိုး

‌ရေးသူကိုစစ်၊ အရင်းအမြစ်များစွာ တိုက်ဆိုင်စစ်ဆေး၊ ရက်စွဲစစ်၊ သတင်းတစ်ပုဒ်လုံးဖတ်၊ ကျွမ်းကျင်သူတွေကိုမေး

500

Malinformation ဆိုတာဘာလဲ။

စစ်မှန်သောသတင်းအချက်အလက်ကို အန္တရာယ်ဖြစ်စေသောရည်ရွယ်ချက်ဖြင့် တင်ဆက်သောသတင်းမျိုး ဖြစ်ပါသည်။