Day 1
Day 2
Day 3
Day 4
10

အရွယ်ရောက်ပြီးသူများသည် မည်သို့သင်ယူရတာကို သ‌ဘောကျပါသလဲ? ၃ချက်လောက်ကို ဖော်ပြပါ။

၁။ မိမိသင်ယူမှုဖြစ်စဉ်တွင် မိမိဆုံဖြတ်ချက်ဖြင့် တက်ကြွစွာ ပါဝင်ရသောအခါ 

၂။မိမိနှင့် ဆီလျော် အဓိပ္ပါယ်ရှိသောအခါ 

၃။ သင်ယူမှု လှုံဆော်သော၊ လုံခြုံသော၊ အပြန်အလှန်လေးစားသော ပတ်ဝန်းကျင်ဖြစ်သောအခါ 

၄။ သင်ကြားသင်ယူမှုရှိ အပြန်အလှန် ဆက်ဆံရေးက အပြုသဘောဆောင်သော အကျိုးရှိမည် ထင်သောအခါ 

၅။ သင်တန်းဆရာက သင်ယူဖော်သင်ယူဖက် ဖြစ်သောအ‌ခါ 

၆။ မိမိသင်ယူမှုကို မိမိပြန်တွေးကာ အသုံးချနိုင်သောအခါ 

၇။ အာရုံမျိုးစုံကို အသုံးပြုပြီး သင်ယူခွင့်ရရှိကြသောအခါ

10

သင်ကြားမှုစက်ဝန်းအဆင့်တွေကို ဖော်ပြပါ။

လိုအပ်ချက်များအား သတ်မှက်ဖော်ထုတ်ခြင်း

သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်း

သင်ကြားခြင်း

သင်ယူမှုကို သုံးသပ်ခြင်း

သင်ကြားမှုကို အကဲဖြတ် သုံးသပ်ခြင်း

10

သင်ခန်းစာရည်ရွယ်ချက်ကောင်းတစ်ခုက ဘယ်လိုဖြစ်ရမလဲ?



တိကျရမယ်

လက်တွေ့ကျရမယ်

တိုင်းတာလို့ရရမယ်

10

သင်ခန်းစာ အစီအစဉ်ရေးဆွဲတဲ့အခါ သင်ခန်းအဆင့် ဘယ်နှစ်လောက်ထည့်သွင်းတာ ပိုမိုကောင်းမွန်ပါသလဲ? ဘာအဆင့်တွေလဲ? 

၅ ဆင့်

မိတ်ဆက်၊ ခင်းကျင်းတင်ဆက်၊ ထိန်းကျောင်းကန့်သက်မှုများသော လေ့ကျင့်မှု၊ ထိန်းကျောင်းကန့်သက်မှုနည်းသော လေ့ကျင်မှု၊ ပြန်လှန်လေ့လာ

10

အတွေ့အကြုံမှ သင်ယူမှုစက်ဝန်းကို ဖော်ပြပါ။

ခိုင်မာသော အတွေ့အကြုံ

ပြန်လည်သုံးသပ် စဉ်းစားခြင်းဖြင့် ကြည့်ရှုလေ့လာခြင်း

နားလည်သဘောပေါက်မှုအား ရုပ်လုံးဖော်ခြင်း

တက်ကြွသော လက်တွေ့ လုပ်ဆောင်မှု

10

သင်ယူသူများ၏ မည်သည့်လိုအပ်ချက်များကို ဖော်ထုတ်သင့်သနည်း။ ၄င်းတို့ကို ဖော်ပြပါ။

ရှိနှင့်ပြီး အသိဗဟုသုတ

ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ

စေ့ဆော်မှု တွန်းအား 

သင်ယူမှုအားသန်ပုံအမျိုးအမျိုး

လူမှုလိုအပ်ချက်များ

10

Bloom’s Taxonomy မှာ အဆင့် ဘယ်နှစ်ဆင့်ရှိသလဲ? ဖော်ပြပါ။  

6ဆင့် 

Creating 

Evaluating

Analyzing 

Applying

Understanding 

Remembering 

10

Describe the roles of a trainer 

presenter

facilitator 

coach 

10

အတွေ့အကြုံမှ သင်ယူမှု စက်ဝန်းကိုအသုံးပြုခြင်း၏ ကောင်းကျိုး ၂ ချက်ကိုဖော်ပြပါ။ 

  • သင်ယူသူများအား လေ့လာမှုဖြစ်စဉ်တစ်ခုတွင် တက်ကြွစွာ ချိတ်ဆက်ပါဝင်စေခြင်း

  • သင်ယူသူများ၏ ကြိုတင်ရရှိထားသော အသိပညာနှင့် အတွေ့အကြုံ တို့အပေါ် တွင် ဆက်လက်တည်ဆောက်ခြင်း

  • သင်ယူသူများကို သူတို့ လေ့လာသည့်အတိုင်း နားလည်မှုကိုဖော်ထုတ် ဖန်တီး ခြင်းဖြင့် သူတို့၏ ကိုယ်ပိုင် အသိပညာအား တည်ဆောက် ခွင့်ပြုခြင်း

  • သင်ယူသူများအတွက် သူတို့၏ လေ့လာခြင်းကို ပြန်လည်သုံးသပ်စဉ်းစားရန် ရည်ရွယ်ချက်ရှိသော အခွင့်အရေးများ ပေးခြင်း

  • တစ်ဦးတစ်ယောက်ချင်းစီနှင့် ကိုက်ညီသော လေ့လာမှုဖြစ်စေခြင်း

10

သင်ယူသူများ၏ မည်သည့်လိုအပ်ချက်များကို ဖော်ထုတ်ရာတွင် မည်သည့်နည်းလမ်းကို အသုံးပြု၍ ဖော်ထုတ်နိုင်သနည်း။

  • သင်တန်းအကြို စစ်ဆေးခြင်း (pre test)

  • သင်ယူသူစစ်တမ်း (surveys) 

  • သင်ယူသူ လူတွေ့မေးမြန်းခြင်း (interviews)

  • ဆွေးနွေးပွဲများ (discussions)

  • လေ့လာစောင့်ကြည့်ခြင်း ( observations)

10

What is LOT? What is HOT? Describe them.

Lower Order Thinking (remembering, understanding) 

Higher Order Thinking (applying, analyzing, evaluation, creating)

10

facilitator တစ်ယောက်အနေနဲ့ လုပ်ဆောင်ရတဲ့ အချက်၊ သတိထားရမယ့် အချက် (၃) ချက်ကို ဖော်ပြပါ။ 

-ထိန်းချုပ်မှုတွေကို ဖြေလျော့ပေးပါ။ 

-သင်ယူသူနဲ့ကိုက်ညီမှု/ဒေသအခြေအနေနဲ့ ကိုက်ညီမှုရှိအောင် ပြုလုပ်ပါ။ 

-ရှင်းပြမှုတွေအစား မေးခွန်းများကိုသာ အသုံးပြုပါ။ 

-အနက်တူ အဓိပ္ပါယ်ပြန်ဆိုပါ။ 

-နားထောင် နားထောင် နားထောင်ပါ။ 

-အားလုံးအသံ ပါဝင်အောင် အားပေးပါ။ 

-ဆွေးနွေးမှုလမ်းကြောင်း မလွဲသွားအောင် ပြုလုပ်ပါ။ 

10

Thinking hats အမျိုးအစားများကိုဖော်ပြပါ။ 

အဖြူ - အချက်အလက်

အနီ - စိတ်ခံစားမှု

အမဲ - အားနည်းချက်များ၊ ဆိုးကျိုးများ

အဝါ - အားသာချက်များ၊ ကောင်းကျိုးများ 

အစိမ်း - တီထွင်မှု

အပြာ - စဉ်းစားမှုအကြောင်း စဉ်းစားခြင်း process control

10

ဉာဏ်ရည်ဉာဏ်သွေး အမျိုးအစားများကိုဖော်ပြပါ။

အမြင်နှင့် နေရာများကို သိခြင်းဉာဏ်

ကာယနှင့် လှုပ်ရှားမှုဆိုင်ရာဥာဏ်

ဝေါဟာရ.ဘာသာစကားနှင့် ဆိုင်သောဥာဏ်

မိမိကိုယ်ကို သိခြင်းဥာဏ်

အများသူငါကို သိခြင်းဥာဏ်

ယုတ္တိသင်္ချာဥာဏ်

စည်းဝါးဂီတဉာဏ်

10

အောက်ပါရေးသားချက်သည် သင်ခန်းစာရည်ရွယ်ချက်ကောင်းတစ်ခုဖြစ်ပါသလား? အဘယ်ကြောင့်နည်း? 

"သင်ခန်းစာအပြီးတွင် သင်ယူသူများသည် မိမိတို့သားသမီးများအတွက် မိခင်ကောင်းများဖြစ်လာမည်။"

မဖြစ်ပါ။ 

မိခင်ကောင်းများမည်သို့ဖြစ်လာနိုင်ကြောင်းကို တိုင်းတာရန် ခက်ခဲသောကြောင့်ဖြစ်သည်။

ဥပမာ - “သင်ခန်းစာအပြီးတွင် သင်ယူသူများသည် မိခင်ကောင်းတစ်ဦးတွင်ရှိရမည့် အချက်များကို ဖော်ထုတ်ဆွေးနွေးတတ်သွားရန်” လိုပြောင်းရေးနိုင်သည်။  

10

Presenter အနေနဲ့ တင်ဆက်မှုတွေကို ပြုလုပ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက် ၄ ချက်ကိုဖော်ပြပါ။  

AIDA

Attention (အာရုံစူးစိုက်မှု)

Interest (စိတ်ဝင်စားမှု) 

Desire (သင်ယူလိုစိတ်)

Action (ပြန်လည်အသုံးချ/ အကျိုးသက်ရောက်မှု)

10

သင်တန်း ၅ ရက်အတွင်း မိမိသဘောကျသော အချက်တစ်ချက်ကို ဖော်ပြပါ။ 

-

10

“အဖွဲ့လိုက် မိမိတို့သင်ယူရရှိခဲ့သော အကြောင်းအရာကို ဖော်ပြနိုင်သည့် ပိုစတာတစ်ခုကိုဆွဲပါ” ဆိုသည့် လုပ်ငန်းစဉ်သည် မည်သို့သော ဉာဏ်ရည်ဉာဏ်သွေးအမျိုးအစား အားသာသူများအတွက် ကိုက်ညီပါလဲ?

အများသူငါကို သိခြင်းဉာဏ် 

အမြင်နှင့်ဆိုင်သောဉာဏ် 

ဝေါဟာရ စကားလုံးများနှင့် ဆိုင်သောဉာဏ် 

10

အောက်ပါလုပ်ငန်းစဉ်တွင် သင်ယူသူများသည် မည့်သည့် စဉ်းစားမှုအဆင့်ကို လုပ်ဆောင်နေကြပါသနည်း။

စကားလုပြောဆိုခြင်း (မိခင်တွေက ဖခင်တွေထက် ကလေးတွေကို ပို၍ ပြုစုစောင့်ရှောက်နိုင်သည်။)

Evaluating (မိမိရဲ့ ကိုယ်ပိုင်အတွေးအမြင်ပေါ် အခြေခံ၍ ပြောဆိုရသောကြောင့် စဉ်းစားမှုအမြင့်ပိုင်းတွင် ရှိပါသည်။

10

Feedback ပေးတဲ့အခါ ဘယ်လိုမျိုးပေးသင့်လဲ?

Timely (အချိန်မဆွဲဘဲ ချက်ချင်းပေးဖို့လို)

concise (ဆိုလိုရင်ကို နားလည်အောင် ပြောဖို့လို)

specific (ဘယ်ပြင်ရမယ်၊ ဘာမှားတယ်ဆိုတာ တိတိကျကျပေးဖို့လို)

goal-oriented (သင်ယူမှုကို ဦးတည်တဲ့ မှတ်ချက်ဖြစ်ရန်လို)